မြန်မာနိုင်ငံက K-pop Idol ဖြစ်ဖို့ အခွင့်အရေးရှိလား
မင်္ဂလာပါ ကျွန်တော်ဒီနေ့မှာတော့ မြန်မာနိုင်ငံက
K-pop
Idol ဖြစ်ဖို့ အခွင့်အရေးရှိလားဆိုတဲ့ မေးခွန်းလေးကိုဖြေပေးပါ့မယ်
မှတ်ချက် ။ ။ ဖြစ်နိုင်တဲ့ ရှု့ထောင့်ကနေ စဉ်းစားပေးတာမို့ အကုန်လုံးဟာ
မှန်မယ်လို့ အာမခံပါဘူး။
ဒါဆို စပြောပြမယ် မြန်မာနိုင်ငံက K-pop Idol ဖြစ်ဖို့ အခွင့်အရေးရှိလားဆိုရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့်
(20)ရာခိုင်နှုန်းနဲ့အထက်မှာရှိပါတယ်။ဘာကြောင့်(20)ရာခိုင်နှုန်းလို့ပြောတာလဲဆိုရင် အချက်(5)ချက်ရှိပါ
တယ်။ ***(1) ကတော့ အရေးကြီးဆုံးအချက်ပါ။***
(1) ငွေရေးကြေးရေး
(2)ဘာသာစကား
(3)ပျင်းရိခြင်း
(4)စည်းကမ်း
(5)အရည်အချင်း
ဒါဆို (1)ကနေစပြောပြမယ်။
(1) ငွေရေးကြေးရေး
မြန်မာနိုင်ငံမှာက ဆင်းရဲမွဲတေမှု့က 50ရာခိုင်နူန်းအထိရှိပါတယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေရ ဒီထက်ပို
များဖို့ပဲရှိပါတယ်။ငွေရေးကြေးရေး ဘာကြောင့်ဆိုင်လဲဆိုရင် ကျွန်တောတို့် audition ဖြေရင်online ကပဲဖြေကြ
တယ်ပေါ့နော်။ဒါက ဖြစ်နိုင်ခြေအလွန်နည်းပါးတယ်လို့မဆိုလိုပါ ဖြစ်နိုင်တယ်။ audition ပထမအဆင့်အောင်
ပြီးတာနဲ့ ကိုရီးယားမှာ ထပ်ပြီး audition ဖြေရမယ်။အာ့လိုဖြေဖို့ လေယဉ်ခက ကိုယ့်အိပ်ထဲက စိုက်ရမယ်။
ပထမအဆင့်လောက်နဲ့
ဘယ်ကုမ္ပဏီကမှာ ရင်းနှီးမှာ မဟုတ်ပါဘူး။
(2)ဘာသာစကား
ဟုတ်ပါတယ် ဘာသာစကားက အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက မြန်မာစကားပြောကလွဲ
ကျန်တာသိပ်မတက်ဘူး။ တတ်တဲ့သူလဲတတ်ပါတယ်။အကုန်လုံးကိုမဆိုလိုပါ။ လူဦးရေရဲ့ 20ရာခိုင်နူန်းလောက်
ပဲ့ အင်္ဂလိပ်ဘာသာစကားတတ်တယ်။အခုဆို ကိုရီးယားတို့ ဂျပန်တို့လဲပြောတတ်လာပါပြီး။ များသောအားဖြင့်
မြန်မာလူမျိူးတွေက အင်္ဂလိပ်လိုကလဲမသိ၊ကိုရီးယားလိုက မတတ်၊ ဂျပန်လိုက မလေ့လာရသေး၊ တရုတ်လို
ဆို ပိုဆိုး ထားပါတော့ auditionတစ်ခုဖြေမယ်ဆို တခြားဘာသာစကားတွေမတတ်ရင်တောင် အင်္ဂလိပ်လို
ကတော့ ပြောတတ်ရမယ်။ အကယ်၍ ဒုတိယအဆင့် ကိုရီးယားသွားပြိုင်ရင် ဘာသာပြန် ခေါ်လို့မရဘူးနော်
မြန်မာလိုကလဲ
နားလည်ကျမှာ မဟုတ်လို့ အင်္ဂလိပ် လိုပြောရမှာပါ။ (လေ့လာပါဆိုတော့ BLကားထိုင်ကြည့်နေတယ်)
(3)ပျင်းရိခြင်း
ပျင်းရိခြင်းကလဲ အရေးပါတယ် တစ်ခုခုဆို
မေလ့လာချင်ဘူးနောက်မှာလေ့လာမယ် ဘာညာနဲ့မလေ့လာဖြစ်ဘူး
(4)စည်းကမ်း
Auditionတစ်ခုဖြေမယ်ဆိုရင် စည်းကမ်းကရေးပါတယ်။ Auditionအတွက် ဓါတ်ပုံတွေ ဗီဒီယိုတွေလိုမယ်။
ဓါတ်ပုံတွေဆိုရင် ဆယ်ဖီပုံတွေပို့လိုပို့၊ နောက်က အဝတ်ပုံ ရှုပ်ပွခက်နဲ့ ဘာညာတွေနဲ့ပြည့်နေလို့က Audition
မှာ အရွေးခံရဖို့ အဝေးကြီးပဲ။ဓါတ်ပုံရိုက်ရင် လူတစ်ယောက်ကရိုက်ပေးရမယ်။နောက်ခံကလဲ အဖြူရောင်ပိတ်စ
တို့ဘာတို့ ကာထားပြီးမှ ရိုက်ရတယ်။ဗီဒီယိုတွေဆိုလဲ အာလိုပဲ ဖြစ်သလိုရိုက်ပို့ကျတယ်။ ဒါဟာမဖြစ်သင့်ပါ။
ဗီဒီယိုတွေရိုက်ရင် နောက်ခံကလဲ
အဖြူရောင်ပိတ်စ တို့ဘာတို့ ကာထားပြီးမှ ရိုက်ရတယ်။
(5)အရည်အချင်း
အရည်အချင်းကရှိပေမဲ့ အပေါ်က (4) ချက်နဲ့က တစ်ခုမှ မကိုက်တော့ အရွေးမခံရဘူး။ နိုင်ငံတကာမှာ
Auditionပြိုင်တဲ့ ဗီဒီယိုတွေYouTubeမှာ ရှာကြည့်စမ်းပါ။ငါတို့တွေနဲ့ တူလား မတူဘူးလားသိရလိမ့်မယ်။အာ့
ကြောင့်Auditionတွေမှာကိုရီးယား၊ထိုင်း၊ဂျပန်၊တရုတ်၊ဖိလစ်ပိုင်၊ဗီယက်နမ် စတွေပဲ အရွေးခံရတယ်။
ကဲဒီလောက်ပါပဲနော် ဖြစ်နိုင်ရင် Auditionလျှောက်ရင် ဒီအချက်လေးတွနဲ့ ညီအောင်လျှောက်ပါ ဒါဆိုရင် သင်
ဟာ K-pop
Idol ဖြစ်ဖို့ အခွင့်အရေးရှိလာပါ့မယ်။
ဖိုက်တင်း အားလုံးကိုကျေးဇူးတင်ပါတယ်။
Snowball Entertainment Actor Audition
https://drive.google.com/file/d/1zuWcaEICMJvZxyxUslDA0aZ6QZPtGTtV/view?usp=sharing
문화가 있는 한국어 읽기2 (Reading Korean with
Culture 2)
https://drive.google.com/file/d/1y1AF2EUYm0yvKDzzHBW1N2Jf00YJtl_6/view?usp=sharing
문화가 있는 한국어 읽기3(Reading Korean with Culture
3)
https://drive.google.com/file/d/1wFGCmzSJIrLZS1l61nWtUXw15__0DhSV/view?usp=sharing
Comments
Post a Comment