(ㄴ)အသတ်အကြောင်း တစ်စေ့တစ်ဆောင်း

ဒီနေ့မှာတော့ အသတ်သံရဲ့ နှစ်ခုမြောက်ဖြစ်တဲ့ (ㄴ)အသတ်အကြောင်း လေ့လာရမှာဖြစ်ပါတယ်။(ㄴ)အသတ်မှာ အသတ်စကားလုံး (3)လုံးရှိပါတယ်။အာ့တာ့တွေကတော့ ㄴ,ㄵ,ㄶ တို့ပဲဖြစ်ပါတယ်။ဤ စကားလုံး (3)လုံးကိုတွေ့တဲ့အခါ (ㄴ)အသတ်သံထွက်ပေးရပါတယ်။(ㄴ)အသတ်သံကို မြန်မာလိုအနီးစပ်ဆုံးပြောရရင် ဝစ္စနှစ်လုံးပေါာက်အသံဖြစ်ပြီး န အသံလေးပါအောင် ထွက်ပေးရတယ်။ အင်္ဂလိပ်လိုဆို ngအသံပေါ့။ န အသတ်သံပြီဖို့ အပေါ်သွားခြေကို လျှာဖျားလေးနဲ့ ထိပြီး အဆုံးသတ်ပေးရတယ်။ ဥပမာ 아ဆိုတဲ့ စကားလုံးလေးကို န အသတ်သံပေါင်းလိုက်တဲ့အခါ안(အန်း)ဟုထွက်ပေးရတယ်။ 가 ဆို 간(ဂန်း)၊ 자 ဆို 잔(ဂျန်း) စတဲ့ အသံမျိူးပါ။

    얀    언    연      온        운    윤     은     인

အန်း  ယန်း  အောန်း ယောန်း   အုန်း    ယုံး    အွန်း   ယွန်း   အုးန်   အင်းန်

အပေါ်က ရှင်းပြချက်တွေနားလည်ရင် အောက်က မီးနင်းတွေ အသံထွက်ဖတ်ကြည့်ပါ။

    1. 언니  (အောန်းနီး)
    2. 시간  (ရှီးဂန်း)
    3. 신문  (ရှင်းန်မွန်း)
    4. 반찬  (ဗန်းချန်း)
    5. 한국어(ဟန်းဂုဂေါ်)
    6. 눈   (နူန်း)
    7. 앉다 (အန်းတာ)
    8. 만나다(မန်းနာဒါ)
    9. 퇴근하다(ထွဲဂုးန်နာဒါ)
    10. 인사하다(အင်းန်ဆာဟာဒါ)
အထက်ပါ ဝေါဟာရထဲမှ နံပါတ်(5)စကားလုံးသည် မူရင်းအသံမှာ 
한국어(ဟန်းဂုဂေါ်)ဖြစ်သော်လဲ "ဂ" အသတ်သည် "အ" နဲ့တွေသောအခါ "အ" နေရမှာ"ဂ" အသတ်အစာ'ထိုးပြီ'한구거ေိုပြီးဖတ်ပေးရမယ်။ သိူ့သော် "ဟ"နဲ့တွေ့တဲ့ အခါ  "အ"သည် အသံမပြောင်းပါ။နံပါတ်(7)စာလုံး앉다 (အန်းတာ)သည် အသတ်သံနှစ်ခုဖြစ်ပြီး "ဂျ"အသတ်နှင့် "ဒ"ဗျည်းတို့ပေါင်းစပ်သောကြောင့် အန်းတာလို့ဖတ်ပေးရမယ်။

ဆက်လက်ပြီး
ㄴ+ㅎ=ㄴ
န အသတ်နဲ့ ဟဗျည်းတွေ့တဲ့အခါ န ဟု အသံထွက်ရတယ်။ န က အသံပြင်း ဟ ကအသံပျော့ဖြစ်တာကြောင့် န အသံလွှမ်းမိုးသွားတယ်။ နမူနာစကားလုံးလေးတွေဖတ်ကြည့်ပါ။
  1. 전화(ဂျောနွဦ)
  2. 번호(ဘေားန်နို)
  3. 편히(ဖျေားန်နီး)
  4. 많이(မာနီး)
ဒါဆိုရင် အားလုံးနားလည်သွားပြီလိုမျှော်လင့်ပါတယ်။

Comments

Popular posts from this blog

K Book Collection

ATOM B2B PLAN SERVICE

YG Entertainment Monthly Audition 2023